ခေါ်တော်မူခြင်း

ခေါ်တော်မူခြင်းဆိုသည်မှာအဘယ်သို့နည်း။

ခေါ်တော်မူခြင်းဆိုသည်မှာ သန့်ရှင်းစင် ကြယ်ခြင်းသို့ခေါ်တော်မူခြင်း ၊ ဘုရားသခင်၏ ခေါ်သံနှင့် သူ၏ရွေးကောက်ခြင်းကို ဆိုလိုပါသည်။ ခေါ်တော်မူခြင်းကို ကျဥ်းမြောင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုရလျှင် ရဟန်းနှင့်သူတော်စင်အသက်တာ ခေါ်‌တော်မူခြင်းကို ခံယူသည့် ရဟန်းအဖြစ်ခေါ်တော်မူခြင်း၊ သူတော်စင်အဖြစ် ခေါ်တော်မူခြင်းကိုဆိုလိုပါသည်။ ခေါ်တော်မူခြင်းကို ပိုမိုကျယ်ပြန့်သော အဓိပ္ပါယ်ဖြင့် ကြည့်လျှင် လက်ထပ်ထိမ်းမြားခြင်းဘဝအသက်တာ၊ အမျိုးမျိုးသောအလုပ်အကိုင်အစရှိသဖြင့် ယုံကြည်သူဘာသာသူအားလုံးတို့၏ သီးသန့်ထူးခြားသောလမ်းမျိုးစုံသောဘဝအသက်တာများကိုလည်း ဘုရားသခင်၏ခေါ်တော်မူခြင်းဆိုသည့် အဓိပ္ပါယ်အောက်၌ ထိုအသက်တာအားလုံးတို့ကို‘ခေါ်တော်မူခြင်း’ဟု ခေါ်ပါသည်။


သူတော်စင်ဆိုသည်မှာ မည်သူများနည်း။

သူတော်စင်ဆိုသည်မှာ”ဖြူစင်ခြင်း၊ဆင်းရဲခြင်းနှင့်လက်ဝါးကားတိုင်တော်တွင် အသေခံတော်မူသည့်တိုင်အောင် နာခံခြင်းအားဖြင့်လူသားများကို ကယ်တင်တော်မူသောသန့်ရှင်းမြင့်မြတ်သည့် သခင်ခရစ်တော်၏ နောက်တော်သို့လိုက်လျှောက်ရင်း မိမိကိုယ်ကိုဘုရားသခင်ထံတော်သို့ သီးသန့်ထူးခြားသောနည်းလမ်းဖြင့် ပူဇော်ကြသည့်ပုဂ္ဂိုလ်များဖြစ်ကြသည်။”(ပြည့်ဝစုံလင်သောမေတ္တာ ပုဒ်ရဟန်းမင်းကြီးစာချွန်တော် အမှတ်စဥ် ၁)

ဝင်လိုသူတစ်ဦးတွင်မည်သည့်အခြေအနေများရှိရမည်နည်း။

ဝင်လိုသူတစ်ဦးသည်ဆေးကြောခြင်းခံပြီး၃နှစ်အထက်ဖြစ်ရမည်ဖြစ်ပြီး ခရစ္စမားအားပေးခြင်းစက္ကရမင်းမင်္ဂလာကိုခံယူပြီးသူ ၊အထက်တန်းအထက်ပညာအရည်အချင်းရှိရပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာသောသူ၊ အသက်၃၅နှစ်အောက်(ကိုရီးယားနိုင်ငံသားများအတွက်)အပျိုစင်အမျိုးသမီးဖြစ်ရပြီး သူတော်စင်ဘဝအသက်တာကိုလိုအင်ဆန္ဒရှိသူဖြစ်ရမည်။


ကျန်းမာရေးချို့ယွင်းသူသည်လည်းဝင်လိုသူတစ်ယောက်ဖြစ်နိုင်ပါသလား။

သူတော်စင်ဘဝအသက်တာဆိုသည်မှာ သူတစ်ပါးအားအစေခံသည့်ဘဝဖြစ်သည်နှင့်အညီ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရန်လိုအပ်သည်။ အကယ်၍ကျန်းမာခြင်းမရှိပါက မိမိကိုယ်တိုင်ကအဖွဲ့အစည်းနှင့် နေထိုင်ရာတွင်အခက်ခဲများနှင့်တွေ့ကြုံရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့်ဝင်လိုသူတစ်ဦးကိုလက်မခံမီ ကြိုတင်ဆေးစစ်ချက်များပြုလုပ်ပြီး ကျန်းမာရေးကိုစစ်ဆေးမည်ဖြစ်ပါသည်။
top