ဓမ္မအာဇာနည်သီလရှင်အသင်းဂိုဏ်း၏သမိုင်း
လွတ်လပ်ရေးရပြီး ဒုတိယနှစ်, ရဟန္တာ ကင်(မ်)ဒယ်ဂေါန် အန်ဒြူး ဘုန်းတော်ကြီး၏ ဓမ္မအာဇာနည်ဖြစ်သည့် ၁၀၀ပြည့်နှစ် ၁၉၄၆ခုနှစ် ဧပြီလ ၂၁ရက်နေ့ ပါးစကားပွဲနေ့ကြီးတွင် ဘုန်းတော်ကြီး ဘန်ယူယုံ လေအိုသည် ထိုကာလ သူ၏ သွန်သင် သင်ကြားမှုကို ခံယူခဲ့သော ယွန်ဗြောင်းဟြောန်း(င်) ထရေဇာနှင့် ဟုန်းအွန်း(င်)ဆု မာရီထရေဇာနှင့် အတူဂယ်စောင်းသာသနာတွင်ကြိုတင်ပြင်ဆင်လာခဲ့သောကိုရီးယားဓမ္မအာဇာနည်သီလရှင်အသင်းဂိုဏ်းကိုတည်ထောင်ခဲ့သည်။ထိုအရာသည်ကိုးရီးယားဓမ္မအာဇာနည်များ၏ စိတ်ဓါတ်ကို အတုယူ နေထိုင်ပြီး ကိုးရီးယားလူမျိုးများ၏ စိတ်နှလုံးနှင့် ကိုက်ညီသော ကိုးရီးယားနိုင်ငံသားအနေဖြင့် တည်ထောင်ခဲ့သော ကိုးရီးယားနိုင်ငံ၏ ပထမဦးဆုံးသော ကိုးရီးယားနိုင်ငံသား အသင်းဂိုဏ်းဖြစ်သည်။

အသင်းဂိုဏ်း ဖွဲ့စည်းတည်ထောင်ပြီး မကြာမီ ကိုလိုနီ အာဏာရှင်စနစ်ကြောင့် နိုင်ငံရေးအခြေအနေများ အလွန် ဆိုးရွားလာသဖြင့် ပထမဦးဆုံး အခြေချနေထိုင်ခဲ့သော ဂယ်စောင်းသာသနာကို စွန့်ခွာ၍ ၁၉၅၀ခုနှစ် မတ်လတွင် တောင်ကိုရီးယား၏ မြို့တော် ဆိုလ်းမြို့၊ ချောင်းဖားဒုံရပ်ကွက်သို့ ပြောင်းရွေ့ခဲ့သည်။သိပ်မကြာခင်၌ ၆.၂၅ဟုခေါ်သည့်(ဇွန်လ ၂၅ရက် ၁၉၅၀ခုနှစ်) ကိုရီးယားစစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။အသင်းဂိုဏ်း စတင်အုတ်မြစ်ချသည့် အစပိုင်းမှာပင် တွေ့ကြုံခံစားရသော စစ်ပွဲနှင့် နစ်နာဆုံးရူံးမှုများ၏ ဒုက္ခရှိသော်လည်း သီလရှင်များသည် တကွဲတပြားရှိမသွားဘဲ သူတော်စင်ဘ၀အသက်တာကို တစ်စိုက်မတ်မတ် ကြိုးစား အားထုတ်ခဲ့သည်။ အသင်းဂိုဏ်း၏ ကိုယ်ပိုင်ရပ်တည်မူ ဘဏ္ဍာရေး အခက်အခဲများရှိသော်ငြားလည်း ဘုန်းတော်ကြီး ဘန်ယူယုံသည် “ဘုရားသခင်၏ နိုင်ငံတော်နှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာအားလုံးကို ထပ်လောင်း၍ ပေးသနားတော်မှုလိမ့်မည်။”(မာတေး ၆,၃၃)ဆိုသည့် နှုတ်ကပါတ်အတိုင်း ယုံကြည်အပ်နှံပြီး သီလရှင်များသည် ‘ဂျောင်(မ်)ဆောင်း, ခြင်း(မ်)မု, ဒယ်‌‌‌ဝေါလ်, မြောင်ဟြောန်း(င်)မူအာ’ အတိုင်း အသင်းဂိုဏ်း၏ သီးသန့် ကိုယ်ပိုင် ၀ိညာဥ်ရေးအဖြစ် ပြုစုပျိုးထောင်းရေးကို အားစိုက်လုပ်ဆောင်ခဲ့သည်။

အသင်းဂိုဏ်းအဖွဲ့၀င်ဦးရေ များပြားလာသောအခါ ၁၉၆၇ခုနှစ်၌ ဂျပန်နိုင်ငံ အိုဆာကာတွင် အစပြု၍ ကမ္ဘာအနှံ့ နိုင်ငံများသို့ သာသနာပြုခြင်းကို စတင်ခဲ့ပြီး ၂၀၀၇ခုနှစ်တွင် “အသင်းဂိုဏ်းတည်ထောင်သူ၏ စိတ်ဓါတ်နှင့်အညီ အသစ် စတင်ခြင်း”ကို ပြုလုပ်၍ “မိမိကိုယ်ကို သုညပြုခြင်းအားဖြင့် ၀ိညာဥ်ရေးဆိုင်ရာ ရင့်ကျက်မှုနှင့် ညီအစ်ကို မောင်နှမရင်းချာ အဖွဲ့အစည်းအသိုင်း၀ိုင်းကို မျှော်မှန်းပြီး ကမ္ဘာအနှံ့သို့ နှုတ်ကပါတ်တော်ပြန့်ပွား‌ရေးကို ပုံအောရန်အတွက်” ဒယ်‌ဂျောင်န် ဒေသန္တရ အုပ်ချုပ်ရေးနှင့် ဆူး‌‌ဝေါ(န်) ဒေသန္တရ အုပ်ချုပ်ရေး, ၂၀၀၉ခုနှစ်တွင် အမေရိကန် နိုင်ငံတွင်နယ်ဆိုင်ရာ အုပ်ချုပ်ရေးကို တည်ထောင်ခဲ့သည်။

၁၉၆၅ခုနှစ် ဒုတိယ ဗာတိကန် ဓမ္မညီလာခံအစည်းအဝေးကြီး ပြီးဆုံးချိန်၌ ထိုအစည်းအဝေး၏ စည်းမျဥ်းစည်းကမ်းအတိုင်း လိုက်နာနေထိုင်ရန် အသင်းဂိုဏ်း၏ သင်္ဃန်းကို ရိုးရှင်းအောင် ပြုပြင်ပြောင်းလဲခဲ့ပြီး ၂၀၀၇ခုနှစ်တွင် အသင်းဂိုဏ်းအဖွဲ့ဝင်ဦးရေက များပြားလာသောအခါ အဖွဲ့အစည်းအတွင်း တစ်လုံးတစ်ဝတည်းဖြစ်သည့် ချစ်ကြည်ရေးနှင့် အပြန်အလှန်ဆက်သွယ်ဆက်ဆံရေးကို ပိုမို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဒယ်ဂျောင်န်ဒေသန္တာရအုပ်ချုပ်ရေးနှင့် ဆူးဝေါ(န်)ဒေသန္တာရအုပ်ချုပ်ရေးကို သီးခြားတည်ထောင်ခဲ့ပြီး ၂၀၀၉ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ နယ်ဆိုင်ရာအုပ်ချုပ်ရေးကို တည်ထောင်ခဲ့ပါသည်။

ကိုရီးယားနိုင်ငံသားက ကိုရီးယားကက်သလစ်အသင်းတော်လက်အောက်ခံအသင်းဂိုဏ်းအဖြစ် စတင်တည်ထောင်ခဲ့သော်လည်း အသင်းဂိုဏ်း၏ Charisama (အသင်းဂိုဏ်း၏ ဝိညာဥ်တော်၏ ကျေးဇူးတော် )သည် စကြာဝဠာတစ်ခုလုံးနှင့် ဆိုင်သော အသင်းတော်၏ လက်ဆောင်ဖြစ်စေရန် ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၀ရက်တွင် ရဟန္တာ ဘုန်းတော်ကြီးဂင်မ်ဒယ်ဂေါန် အန်ဒရူးနှင့် ရဟန္တာ ဂျောင်ဟာဆန်းပေါလုနှင့် အပေါင်းအပါများပွဲနေ့ကြီး၌ ရဟန်းမင်းကြီး၏အသိအမှတ်ပြုထောက်ခံချက်ကိုရရှိပြီး ရဟန်းမင်းကြီး၏တိုက်ရိုက်အုပ်ချုပ်သည့် လက်အောက်ခံအသင်းဂိုဏ်းဖြစ်လာခဲ့ပါသည်။
top