ဂျောင်(မ်)ဆောင်း(點性) သေးငယ်သော အမှုအရာ၌ သစ္စာရှိခြင်း - ချွေတာမူ့ရှိခြင်း၊ ကွက်လပ် လစ်ဟာမူ့ မရှိခြင်း၊ ညီညာသတိရှိခြင်း၊ ရိုးသားဖြူစင်ခြင်း |
ဂျောင်(မ်)ဆောင်းဂျော(န်)ရှင်း(န်) ဆိုသည့် သေးငယ်သော အမူ့အရာ၌ သစ္စာရှိခြင်းသည် မိမိ၏ အကျင့်စရိုက်မှ ထွက်လာသည့် အမူအကျင့်တစ်ခုဖြစ်သည်။ “점”(အမှတ်၊ အစက်)သည် ပုံသဏ္ဍာန် ရေးဆွဲခြင်း အားလုံး၏ မူလအစဖြစ်သည်။ ကမ္ဘာလောကသည်လည်း ထို အစက်ကလေးမှစတင်ခဲ့သည်။ ထို အစက်ကလေးသည် တစ်ပါးသူများ၏ အသုံးတော်ခံသာ ဖြစ်ပြီး မိမိကိုယ်ကို ရှေ့တန်းမတင်သော ဝိသေသကို ပိုင်ဆိုင်ထားသည်။ ထိုနည်းတူ ဂျောင်(မ်)ဆောင်းသည်လည်း ထိုအစက်ကလေးကဲ့သို့ အရာအားလုံး၌ ‘ချွေတာမူ့ရှိခြင်း၊ ကွက်လပ် လစ်ဟာမူ့ မရှိခြင်း၊ ညီညာသတိရှိခြင်း၊ ရိုးသားဖြူစင်ခြင်း၊ သေးငယ်သော အမူ့အရာ၌ သစ္စာရှိခြင်း’ ကိုဆိုလိုပါသည်။ ဂျောင်(မ်)ဆောင်းဆိုသည်မှာ သေးငယ်သော အရာကို လျစ်လျူမရှုရပေ။ အစက်ကလေးတစ်ခုမျှသာဟူ၍ မမြင်သလို ကျော်သွားရန်လွယ်ကူသောကြောင့် ထိုလျှပ်တစ်ပြက်ခဏတာလေးတွင် သတိရှိနေရမည်။ ထိုသတိသည် ”မြောင်ဟြောင်း(န်)မူအာ” (kenosis) (မိမိကိုယ်ကိုသုညပြု၍ကို ယ်တော်မြတ်၌ တစ်လုံးတစ်ဝတည်းရှိခြင်း) လမ်းခရီးစဥ်၏ အစ,အခြေခံဖြစ်ပြီး ထိုခရီးစဥ်၌ မဖြစ်မနေ လိုအပ်သော စိတ်ဓါတ်အနေထားပင်ဖြစ်သည်။ |
ခြင်း(မ်)မု-တိတ်ဆိတ်ခြင်း(沈默) တိတ်ဆိတ်ခြင်းဆိုရာ၌ အသံဗလံ တိတ်ဆိတ်မူများသာ မဟုတ်ဘဲ မိမိကိုယ်ကို ငြင်းပယ်ခြင်းဖြစ်သည်။ - ခြိုးခြံ၊ အနစ်နာခံခြင်း၊ စွန့်လွှတ်ခြင်း၊ နှိမ့်ချခြင်း |
တိတ်ဆိတ်ခြင်း- ဆိတ်ငြိမ်ခြင်းဆိုသည်မှာ စကားမပြောခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ပါ မိမိကိုယ်ကို ငြင်းပယ်ပြီး မိမိနှလုံးသားထဲ၌ ဘုရားသခင်နှင့် ဆန့်ကျင်သည့် အရာဟူသမျှ မကောင်းသော အတွေး၊ အကြံအစဥ်၊ မကောင်းသော စိတ်ဓါတ်များကို ဖယ်ရှားပြီး လုံးလုံးလျားလျား ဘုရားသခင်၏အလိုတော်အတိုင်း ဘုရားသခင်ကို မိမိဘဝ၏ အဓိက အလယ်ဗဟိုတွင်ထားပြီး နေထိုင်ရန် အတွက် ခြိုးခြံ စွန့်လွှတ်ခြင်းလမ်းစဥ် အရာအားလုံးကို ဆိုလိုသည်။ |
ဒယ်ဝေါ်(လ်)(對越) အရာအားလုံးကို ကျော်ဖြတ်နိုင်ပြီး(လောဘ၊ဒေါသ၊မောဟ၊မာန်မာနစိတ်များ) ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း - ဘုရားသခင်ကိုသာ အာရုံပြုပြီး ဘုရားသခင်နှင့် အတူ ဘုရားသခင်၌ |
ဒယ်ဝေါလ်ဆိုသည်မှာ ဘုရားသခင် မကြိုက်မနှစ်သက်သော မကောင်းသော အတွေးအခေါ် အနှောင့်အယှက်များအားလုံးကို ကျော်ဖြတ်ပြီး, မိမိ၏ အတ္တကို ချိုးနှိမ်၍ အလင်းရှင်ဖြစ်တော်မူသော ဘုရားသခင်နှင့် တွေ့ဆုံခြင်းဖြစ်သည်။ ထိုကဲ့သို့ အလင်းရှင်အဖြစ် ကြွလာတော်မှုသော သခင်ကို ပင့်ဆောင်၍ နေထိုင်ခြင်းသည် သူတော်စင်အသက်တာဖြစ်ပြီး ဒယ်ဝေါလ်အသက်တာဖြစ်သည်။ |
ဝါ(န်)ဒေါ့ အိုဂယ် |
၁. မကောင်းသော အတွေးအခေါ်များနှင့်အာရုံပျက်ပြားစေခြင်းကို တွန်းလှန်ငြင်းဆန်ခြင်း။ ၂. မကောင်းသော လိုအင်ဆန္ဒများကို ငြင်းဆန်ခြင်း။ ၃. ရွှင်လန်းအေးချမ်းပြီးပြုံးရွှင်သောမျက်နှာရှိခြင်း၊မကျေနပ်ချက်များကိုရှောင်ကြဥ်ပြီး အပြောအဆိုမှန်ကန်ခြင်း၊၊ ယဥ်ကျေးသိမ်မွေ့ခြင်း ၊သဘာ၀ဆန်သော အပြုအမူကျင့်ကြံနေထိုင်ခြင်း။ ၄. မိမိတို့၏ ဩတ္တပစိတ်အလင်းကို ပိုမို တောက်ပစေခြင်း။ ၅. မိမိ၏ လွတ်လပ်မူကို ဘုရားသခင်ထံပူဇော်၍၊ ကိုယ်တော်၏ သန့်ရှင်းသော အလိုတော်အတိုင်း လိုက်လျှောက်ပါမည်။ |
မြောင်ဟြောန်း(င်)မူအာ (Eucharistic Kenosis) - ကိုယ်တော်မြတ် + မိမိကိုယ်ကိုသုညပြုခြင်း = ယေဇူးသခင်နှင့်ကိုယ်တော်မြတ်စက္ကရမင်းတူး၌ တစ်လုံးတစ်ဝတည်း ဖြစ်တည်တော်မူခြင်း၏ အသက်တာ။ |
Kenotic Eucharist (EN) / Eucaristía Kenótica(ES) / Eucharistia Kenotica (LA)
Kenotic Eucharist (EN)
Eucaristía Kenótica(ES) Eucharistia Kenotica (LA) |
မြောင်ဟြောန်း(င်)မူအာ |
မြောင်ဟြောန်း(င်)မူအာ (kenosis) ဆိုသည်မှာခရစ်တော်၏ခန္ဓာတော်ဖြစ်သည့်မုန့်တော်၏အသွင်သဏ္ဍာန် မြောင်ဟြောန်း(င်) (kenosis) နှင့်မိမိကိုယ်ကိုသုညပြု၍ဘာမျှမရှိခြင်း무아(မူအာ)ကိုပေါင်းစပ်ထားသော စကားလုံးဖြစ်သည်။ ချစ်ခြင်းမေတ္တာရှင်ဖြစ်တော်မူသော ယေဇူးခရစ္စတူးသခင်သည်면형(မြောင်ဟြောန်း(င်)) ကိုယ်တော်မြတ်စက္ကရမင်းတူး၌ ကိန်း၀ပ်စံပယ်ခြင်းသည် ကျွန်ုပ်တို့နှင့်ပေါင်းစပ်ရန်အတွက်ဖြစ်ပြီး ၀ိညာဥ်ရေးအစာအဖြစ်လည်း တည်ရှိတော်မူသည်။ ကျွန်ုပ်တို့သည်လည်း ကိုယ်တော်နှင့်အတူ တစ်သွေးတစ်သားတည်းဖြစ်လိုလျှင် ကိုယ်တော်၏ နောက်သို့ လိုက်၍ 무아(မူအာ) ဖြစ်ရမည်ဟူသောသွန်သင်ချက်ဖြစ်သည်။ ကိုယ်တော်မြတ်၏ ဘ၀အသက်တာအတိုင်း မိမိကိုယ်ကိုသုညပြုပြီး သခင်ခရစ်တော်ကဲ့သို့ အဖခမည်းတော်ဘုရား၏ အလိုတော်ကို ဖြည့်ဆည်းရန် အချိန်တိုင်း ကျင့်ကြံအားထုတ်သော ဘ၀အသက်တာကို 면형무아(မြောင်ဟြောန်း(င်)မူအာ)၏ ၀ိညာဥ်ရေးလမ်းစဥ်ဟုခေါ်သည်။ |