အသင်းဂိုဏ်းတည်ထောင်သူ / ပူးတွဲ တည်ထောင်သူ

အိမ်မက်နှင့် မျှော်လင့်ချက်များ လုံးဝမရှိသော ဂျပန်နယ်ချဲ့လက်အောက်ကာလ၊ နိုင်ငံခြား သာသနာပြုများက ကိုရီးယားကက်သလစ်အသင်းတော်ကို ဦးစီးဦးဆောင်ပြုနေစဥ် မွေးဖွားသန့်စင်ခဲ့သော ဘုန်းတော်ကြီး ဘန်ယူယုံ လေအို (မူအာ အန်ဒြူး, ၁၉၀၀-၁၉၈၆)သည် ၁၉၃၀ခုနှစ် ၁၀လပိုင်း၌ ဆိုလ်းမြို့ ကာသီဒြယ်“မြောင်ဒုံ”ကျောင်းတော်ကြီးတွင် “မျှင်သဲ”ဆရာတော်ကြီးလက်တော်၌ ကက်သလစ်ဘုန်းတော်ကြီးသိက္ခာကိုခံယူခဲ့သည်။

သူသည် ဘုရားသခင်နှင့် ပိုမိုနီးကပ်စွာရှင်သန်အသက်ရှင်ရန် သူတော်စင်အသင်းဂိုဏ်းတွင်ဝင်လိုသော ဆန္ဒရှိခဲ့သော်လည်း ထိုအချိန်ကာလတွင် ကိုရီးယားနိုင်ငံ၌ နိုင်ငံခြား သာသနာပြု သူတော်စင် အသင်းဂိုဏ်းများသာရှိခဲ့သည်။ ထို့ကြောင့် ဘုန်းတော်ကြီး ဘန်ယူယုံ သည် ကိုရီးယား နိုင်ငံသားများ၏ စိတ်ဓါတ်၊ ယဥ်ကျေးမူနှင့် လိုက်လျောညီ‌ထွေမူရှိသော ကိုရီးယားတိုင်းရင်းသား သူတော်စင်အသင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။ ကိုရီးယား မြေ၌ ဘုရားသခင်၏ ချစ်ခြင်းကို ပိုမို အနုစိပ်ပြီး လက်တွေ့ကျစွာ ရှင်သန်နိုင်ဖို့ရန်အတွက် ကိုရီးယားနိုင်ငံသား တည်ထောင်ထားသည့် သူတော်စင်အသင်းဂိုဏ်း လိုအပ်နေကြောင်းကို နားလည်နေခဲ့သည်။
၁၉၄၅ခုနှစ် သြဂုတ်လ ၁၅ရက် ဂျပန်နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။ ၁၉၄၆ခုနှစ် ဧပြီလ ၂၁ရက်သည် လွတ်လပ်ရေးရသောနှစ်၏ ပထမဦးဆုံးသော ပါးစကားပွဲတော်နေ့ဖြစ်ပြီး ရဟန္တာ ကင်(မ်)ဒယ်ဂေါ(န်) အန်ဒြူး ဘုန်းတော်ကြီး ဓမ္မအာဇာနည် ဖြစ်သည့် နှစ် ၁၀၀ပြည့် နှင့်လည်း တိုက်ဆိုင်နေသည် ဤထူးခြားသောနေ့တွင် ဘုန်း‌‌တော်ကြီး ဘန်ယူယုံ အန်ဒြူးသည် ဂယ်စောင်းသာသနာ၌ ထိုကာလအတွင်း ပြင်ဆင်လာခဲ့သော ကိုရီးယားမြေဖွားသူတော်စင် အသင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။ သူသည် ကိုရီးယား တိုင်းရင်းသား သူတော်စင်ဂိုဏ်းကို တည်ထောင်ခဲ့သည့် ပထမဦးဆုံးသော ကိုရီးယားနိုင်ငံသားဖြစ်သည်။ ပူးတွဲတည်ထောင်သူ မာသာရ် ယွန်ဗြောင်းဟြောန်း(င်) ထရေးဇာ(အန်ဒြူး)နှင့် ဒုတိယ ပူးတွဲတည်ထောင်သူ မာသာရ် ဟုန်းအွန်း(င်)ဆု မာရီထရေးဇာ (လောရင်း(စ်)) သည် သူတော်စင် အသင်းဂိုဏ်းဝင် သင်္ဃန်းကို အလွန်နှိမ့်ချခြင်းနှင့် ဆင်းရဲခြင်း၏ သက်သေအဖြစ် အဖြူရောင် ယင်ဖုံးနှင့် အနက်ရောင် စကပ်ကို ဝတ်ဆင်ပြီး အသင်းဂိုဏ်း၏ သမိုင်းကို စတင်ခဲ့ပါသည်။

ကိုရီးယားကက်သလစ်အသင်း‌တော်၏ သူတော်စင်ဘဝအသက်တာ၌ ယုံကြည်ခြင်း၏ အသက်သွေးကြော၏ ဖခင်များဖြစ်ကြသည့် ကိုရီးယားဓမ္မအာဇာနည်များ၏ သွန်သင်ချက်များကို အစဥ်မပြတ် ဆက်လက်ထိန်းသိမ်းသွားရန်အတွက် အသင်းဂိုဏ်း၏ အမည်နာမကို “ကိုရီးယား ဓမ္မအာဇာနည် အသင်းဂိုဏ်း”ဟူ၍ မှည့်ခေါ်ပြီး‘ဘုရားသခင်၏ ဘုန်းဂုဏ်တော် အတွက် ဓမ္မအာဇာနည် စိတ်ဓါတ်နှင့် ညီအစ်ကို နှမရင်းချာ၏ ချစ်ခြင်းမေတ္တာဖြင့် ဧဝံဂလိသတင်းကောင်း ‌ဝေမျှခြင်း’ကို အသင်းဂိုဏ်း၏ ဦးတည်ချက် အနေဖြင့်ထားရှိပြီး ကိုရီးယား ဓမ္မအာဇာနည်များကို အသင်းဂိုဏ်းအားစောင့်ရှောက် မှိုင်းမတော်မူသော ရဟန္တာများအဖြစ် သတ်မှတ်ခဲ့သည်။

အသင်းဂိုဏ်းတည်ထောင်သူ ဘုန်းတော်ကြီး ဘန်ယူယုံ အန်ဒြူး
ပူးတွဲတည်ထောင်သူ မာသာရ် ယွန်ဗြောင်းဟြောန်း(င်) ထရေးဇာ(အန်ဒြူး)(ဘယ်)
ဒုတိယ ပူးတွဲတည်ထောင်သူ မာသာရ် ဟုန်းအွန်း(င်)ဆု မာရီထရေးဇာ (လောရင်း(စ်))(ညာ)
top