သာသနာပြုလုပ်ငန်း
ကိုရီးယားဓမ္မအာဇာနည်အသင်းဂိုဏ်းကို တည်ထောင်သည့်နေရာဖြစ်သည့် ဆိုးလ်သာသနာကြီး ဂယ်စောင်းသာသနာတွင် သာသနာပြုခြင်းကိုစတင်ခဲ့ပါသည်။ ၆.၂၅ကိုရီးယားစစ်ပွဲနောက်ပိုင်းတွင် တစ်နိုင်ငံလုံး စီးပွား‌ရေးကြပ်တည်းမူနှင့် ရင်ဆိုင်နေရသော်လည်း ကိုရီးယားကက်သလစ်အသင်းတော်သည် ပိုမိုလျင်မြန်စွာဖြင့် တိုးတက်လာသောကြောင့် တစ်နိုင်ငံလုံးရှိ သာသနာငယ်များမှ သာသနာပြုရန် သူတော်စင်သီလရှင်များကို တောင်းဆိုလာကြသည်။ ထို့ကြောင့် ကျွန်မတို့ အသင်းဂိုဏ်းသည် ၁၉၅၁ခုနှစ်တွင် မာဆန်ဆရာတော်ပိုင် သာသနာလက်အောက်ရှိ ထုံး(င်)ယောင်းသာသနာ(ယခုလက်ရှိ ထယ်းဖြောင်းဒုံသာသနာ)မှ အစပြုပြီး ယခုချိန်တွင် ဆရာတော်ပိုင်သာသနာ ၁၅ခုနှင့် ကျောင်းထိုင်ပိုင်သာသနာ ၆၆ခုတွင် တာဝန်ထမ်းဆောင်ရင်း သာသနာပြု သီလရှင်ဂိုဏ်းအဖြစ် မားမားမတ်မတ် အခြေချရပ်တည်လျက်ရှိပါသည်။

အသင်းဂိုဏ်း၏ စိတ်ဓါတ်နှင့် တာဝန် ဝတ္တရားများကို အသေးစိတ် လက်တွေ့ကျကျလုပ်ဆောင်နိုင်ရန်အတွက် ပညာရေးအခန်းကဏ္ဍ၏လိုအပ်ချက်ကို သတိပြုမိလာ၍ ကလေးသူငယ်များ၏ ပညာရေးပိုင်းကို ဦးစွာ စတင်ခဲ့ပါသည်။ ၁၉၅၅ခုနှစ် အစပိုင်း၌ ဆိုးလ် ဟူအမ်းဒုံ သာသနာပူးတွဲ မူကြိုကျောင်းကို ဖွင့်လှစ်ခဲ့ပါသည်။ ယခုလက်ရှိတွင် သာသနာပူးတွဲ ၁၄ကျောင်းနှင့် ကျွန်မတို့ သီလရှင်ဂိုဏ်းမှ ဖွင့်လှစ်ထားသည့် မူကြိုကျောင်း ၃ကျောင်းတွင် သာသနာပြုလျက်ရှိပါသည်။ ၂၀၀၃ခုနှစ်တွင် ကလေးသူငယ်များ၏ ပညာရေးသာမက ပညာရေးတာဝန်ခံဆရာမများကိုလည်း စနစ်ကျသောအရည်အချင်းများနှင့် ပြည့်စုံစေရန်အတွက် ကျွမ်းကျင်သောဆရာအတတ်သင်များဖြစ်စေရန် ဦးတည်ချက်ဖြင့် ဘို့ဂျာမွန်ထယ်းဆိုလီပညာသင်ကျောင်းကိုလည်း ဖွင့်လှစ်‌လျက် သာသနာပြုနေပါသည်။

အမျိုးသမီးများအတွက် ပညာရေးအသိပေး သာသနာပြုလုပ်ငန်းကို အားသွန်ခွန်ဆိုက် လုပ်နိုင်ရန်အတွက် ၁၉၆၁ခုနှစ်နှင့်၁၉၆၃ခုနှစ်များတွင် ချောင်း(န်)အန်ဘို့ဂျာ အမျိုးသမီးအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းကို သီးခြားစီတည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ အဆင့်မှီသော ပညာအရည်အသွေးများဖြင့်သင်ကြားပေးမူများကြောင့် ယနေ့ထိတိုင် ပညာရေး၌အောင်မြင်တိုးတက်သောကျောင်းတစ်ကျောင်းအဖြစ်တည်ရှိနေပါသည်။

ကျွန်မတို့အသင်းဂိုဏ်းသည် အမျိုးမျိုးသော လူမူအဆင့်အတန်းများကို အာရုံစိုက်အ‌လေးထားပြီး လူမူကူညီရေးအကျိုးဆောင်လုပ်ငန်းများကိုလည်း ဦးဆောင်လုပ်ကိုင်နေပါသည်။ ၁၉၆၃ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ ဘူဖြောင်း စိန်မေရီဆေးရုံ(လက်ရှိ အင်းချောင်း(န်) စိန်မေရီဆေးရုံ)ကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်ခဲ့ပါသည်။ အင်းချောင်း(န်)သာသနာအား လွှဲပြောင်းပေးအပ်ပြီးနောက် ကိုယ်တိုင်ဦးစီးဆောင်ရွက်မူကို မပြုတော့ဘဲ သာသနာလက်အောက်တွင် ပူးတွဲတာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ၁၉၈၅ခုနှစ်၌ “ချစ်ခြင်းမေတ္တာ၏မယ်တော်” ဟုအမည်ပေးထားသော မိဘမဲ့ဂေဟာကိုတည်ထောင်ခဲ့ပြီး ၁၉၉၉ခုနှစ်တွင် “ချစ်ခြင်းမေတ္တာ၏မယ်တော်”အမည်ဖြင့်ထပ်၍ လူငယ်များကိုပြုစုပျိုးထောင်ခြင်းနှင့် မသန်စွမ်းဂေဟာများကို ဖွင့်လှစ်၍သာသနာပြုလျက်ရှိပါသည်။

ထို့အပြင် ၁၉၆၇ခုနှစ်တွင် ဂျပန်နိုင်ငံအိုစကာမြို့တွင် ဂျပန်နိုင်ငံရောက်ကိုရီးယားနိုင်ငံသားများအတွက် သာသနာပြုလုပ်ငန်းများကို စတင်ခဲ့ပါသည်။ထို့အပြင် ကိုရီးယားနိုင်ငံ၌ ကက်သလစ်သာသနာ ရောက်ရှိခြင်း နှစ်၂၀၀ပြည့် ၁၉၈၄ခုနှစ်ကို ကြိုဆိုသည့် အထိမ်းအမှတ်အနေဖြင့် ပြည်ပနိုင်ငံသို့ သွားရောက်သာသနာပြုခြင်းကို အသင်းတော်က အားပေးနှိုးဆော်သောကြောင့် ၁၉၈၇ခုနှစ်မှစ၍ မက္ကဆီကိုနိုင်ငံသို့ သွားရောက် ပြည်ပသာသနာပြုခြင်းကို စတင်ခဲ့ရာ ယခုအခါတွင် ကမ္ဘာ့တိုက်ကြီး ၅တိုက်နှင့် နိုင်ငံ ၁၁ခုတွင် သာသနာပြုလျက်ရှိပါသည်။

တစ်ဖက်တွင် ကိုရီးယားဓမ္မအာဇာနည်များ၏ သွန်သင်ချက်များကို လက်ဆင့်ကမ်း ထိန်းသိမ်းရန်နှင့် ဂိုဏ်းတည်ထောင်ချိန်ကာလတွင် ကိုရီးယား ကက်သလစ်အသင်းတော်က တိုက်တွန်းနှိုးဆော်ခဲ့သည့်အတိုင်း ဓမ္မအာဇာနည်များကို သဒ္ဒါကြည်ညိုခြင်း တိုးပွားဆောင်ရွက်ရန် အထူး တာဝန်တစ်ခုအနေဖြင့် ခံယူရင်း သာသနာနှင့် လက်တွဲလုပ်ကိုင်နေပါသည်။ ဓမ္မအာဇာနည်များ၏ ဓါတ်တော်မွေတော်များကို ရှာဖွေစုဆောင်း ထိန်းသိမ်းခြင်းနှင့် ဘုရားဖူးနယ်မြေများကို တိုးချဲ့ဆောင်ရွက်မူသာမက ဓမ္မအာဇာနည်များဆိုင်ရာ ဝိညာဥ်ရေးလမ်းညွှန်မူများနှင့်ဆိုင်သော ပညာပေးပရိုဂရမ်များဖွင့်ဖြိုးတိုးတက်စေရန်အတွက် အားသွန်ခွန်ဆိုက်သာသနာပြုလျက်ရှိပါသည်။
top