အသင်းဂိုဏ်း၏ ဦးတည်ချက်မှာ အသင်းဝင် တစ်ဦးချင်းစီက မိမိကိုယ်ကို ဦးစွာ ပြောင်းလဲ၍ သန့်ရှင်းစင်ကြယ်စေခြင်းပါရမီ၌ ဘုရားသခင်၏ ဘုန်းဂုဏ်တော်အတွက် ဓမ္မအာဇာနည်များ၏ စိတ်ဓာတ်ကို အခြေခံကာ ညီမရင်းချာချစ်ခြင်းမေတ္တာဖြင့် သခင်ခရစ်တော်၏ ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကို ဖြန့်ဝေခြင်းဖြစ်သည်။ (အသင်းဂိုဏ်း ဥပဒေ အမှတ်စဥ် ၃)
အသင်းဂိုဏ်း တည်ထောင်သူသည် “လက်ဝါးကားတိုင်တော်နှင့် ကိုယ်တော်မြတ်စက္ကရမင်းတူး၏ ချစ်ခြင်းမေတ္တာ၌ ဘုရားသခင်နှင့်တွေ့ဆုံပြီး ကိုယ်တော်နှင့်အတူ တစ်လုံးတစ်ဝတည်းဖြစ်စေရန် လိုလားခဲ့သောကြောင့် “ချစ်ခြင်းမေတ္တာ၌ မွေးဖွားပြီး၊ ချစ်ခြင်းမေတ္တာအတွက် တည်ရှိသည်ဖြစ်၍၊ ကျွန်ုပ်တို့၏ အစသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ ဦးတည်ချက်နှင့် တာဝန်ဝတ္တရားသည်လည်း ချစ်ခြင်းမေတ္တာပင်ဖြစ်သည်”ဟူ၍ သင်ကြားခဲ့ပြီး ကျွန်ုပ်တို့ သွားမည့် ဦးတည်ချက်မှာ “မြောင်ဟြောင်း(န်)မူအာ”(kenosis)(မိမိကိုယ်ကို သုညပြု၍ ကိုယ်တော်မြတ်၌ တစ်လုံးတစ်ဝတည်းရှိခြင်း)ဟု သွန်သင်ခဲ့ပါသည်။
ဓမ္မအာဇာနည်တို့၏ မူလအစဖြစ်သည့် သခင်ခရစ်တော်ကို စံနမူနာယူပြီး ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ အတွက် ဘဝကို စတေးပူဇော်ခဲ့သော ကိုရီးယား ဓမ္မအာဇာနည်များသည် ကျွန်ုပ်တို့၏ စံပြပုဂ္ဂိုလ်များဖြစ်ပြီး အသင်းဂိုဏ်းကို စောင့်ရှောက်မိုင်းမတော်မူသော ရဟန္တာများဖြစ်သည်။ (အသင်းဂိုဏ်း ဥပဒေ အမှတ်စဥ် ၇)
- Cross : Shield of Victory
- Branches of Palm tree : Victory
- 三 (Three Cross lines) : Holy Trinity
- 川 (Three Horizontal lines) : Divine light from God
- 口 (Mouth) : Word of God
- 田 (Field) : the world
- Color of claret : Martyr’s blood
အသင်းဂိုဏ်း၏ ရင်ထိုး (ရင်ထိုး၏ ရှင်းလင်းချက်)
ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားကို သက်သေခံပြီး ထို အလင်းတော်ကို လက်ခံ၍ ဘုရားသခင်၏ နှုတ်ကပါတ်တော်နှင့် ကားတိုင်တော်ကို ဒိုင်းလွှားသဖွယ် အကာအကွယ်ပြု၍ ကမ္ဘာအရပ်ရပ်ရှိ လူများကို ဝမ်းမြောက်ဖွယ်ရာ ဧဝံဂလိသတင်းကောင်းကို ဖြန့်ဝေခြင်းသည် ကျွန်ုပ်တို့၏ တာဝန် ဖြစ်သည်ဟု အဓိပ္ပါယ်ဆောင်ပြီး ဓမ္မအာဇာနည်များ၏ အောင်ပွဲခံခြင်းသည် ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်၍ ကျွန်ုပ်တို့သည်လည်း နောက်ဆုံးတွင် ဘုရားသခင်၌ အောင်ပွဲခံနိုင်သူများဖြစ်ရမည်ဟူသော မျှော်လင့်ချက်များကို ဖော်ဆောင်နေပါသည်။